Untitled Document
WOWSlider generated by WOWSlider.com
NAV.php
Prehistoric
Excavation
Conservation & Preservation
Ancient City & Site
Ancient Monument & Building
Art
Antiquity Collection Centre
Conservation & Preservation

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနအောက်ရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဌာနသည် ရှေးဟောင်းသုတေသနဆိုင်ရာ သုတေသနပြုလုပ်ငန်းများ၊ မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်းလုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိပါသည်။

ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦများနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုကုန်းများကို ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ရာတွင် ဌာနအနေဖြင့် ဦးစားပေးအဆင့်များ သတ်မှတ်၍ လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းများတွင် ဌာနခွဲများဖွင့်လှစ်၍လည်းကောင်း ထိန်းသိမ်းလျက်ရှိပါသည်။ ဌာနအတွင်းရှိ ရှေးဟောင်းသုတေသနပညာရှင်များ၊ ထိန်းသိမ်းရေးကျွမ်းကျင်သူများ၊ ကမ္ပည်းကျောက်စာပညာရှင်များနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများအား ပြည်တွင်းပြည်ပမှပညာရှင်များမှ သင်တန်းပေးခြင်းနှင့် ပြည်ပသို့ ပညာတော်သင်စေလွှတ်ခြင်းများ ပြုလုပ်၍ ရှေးဟောင်းသုတေသနဆိုင်ရာ နည်းပညာများ ပိုမိုတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ၁၉၅၇-ခုနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများ အက်ဥပဒေ၊ ၁၉၆၂-ခုနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ၁၉၉၈-ခုနှစ် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့် ၂၀၀၉-ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ တို့ဖြင့်လည်း ပြဌာန်း၍ ထိန်းသိမ်းလျက်ရှိပါသည်။

Structural Conservation
BEFORE CONSERVATION
AFTER CONSERVATION
BEFORE CONSERVATION
AFTER CONSERVATION
Chemical Preservation
BEFORE PRESERVATION
AFTER PRESERVATION
BEFORE PRESERVATION
AFTER PRESERVATION

© 2012 Department of Archaeology, National Museum and Library. All Right Reserved. (Beta Version)